
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (6.၁.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ ဆရာ/ဆရာမ (၁၉)ဦး၊ ကျောင်းသား/ သူ (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။
ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာ ဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအားလည်းကောင်း၊ ငွေစာရင်းဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ အကြောင်းအားလည်းကောင်း၊ သတင်း/နည်းဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်သူဇာကျော် က အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် အခန်း (၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ တိုင်ကြားနိုင် သည့်လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများအကြောင်းအားလည်းကောင်း အသေးစိတ်ဟောပြောခဲ့ပြီး ကျောင်းသား/သူများနှင့် အမေးအဖြေ ပြုလုပ်၍ ဖြေဆိုနိုင်သူအား ဆုချီးမြှင့်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)
