Main menu

မကွေးမြို့၊ မင်္ဂလာဈေး နှင့်ကန်သာ​ေဈး ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအားနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် (၆.၁.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၀၀)မှ(၁၀:၀၀) အချိန်ထိ မကွေးမြို့၊ မင်္ဂလာဈေးနှင့် ကန်သာစျေး၌ ရောင်းချလျက်ရှိသော ကုန်စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာ ရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာ မင်္ဂလာဈေး၌ နမူနာဝယ်ယူခဲ့သော ပဲပြား(S)၊ သရက်ချဉ်၊ အသားတု၊ ကြက်အူချောင်း၊ ငါးနီတူခြောက်၊ ကြာဇံနှင့် ကန်သာစျေး၌  နမူနာ ဝယ်ယူခဲ့သော ပိတ်ဆွယ်၊ ပဲပြား(K/ S)၊ ပိန္နဲသီးစိပ်၊ ချင်းပေါက်၊ ကြက်အူ ချောင်း၊ ဝက်အူချောင်း၊ ထန်းလျက်(အဖြူ) တို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ     Mobile Lab Van ဖြင့် အဆိုပါ စျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြု တာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်း မရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်ရှိနေသော မျှစ်(အနီရောင်)၊ မျှစ်(အဝါရောင်)၊ မျှစ်ပေါက်(အဝါ)၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုပ်သီးမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)