သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကြိမ်ချောင်း အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်း အသိပညာ ပေးဟောပြောခြင်းကို ၃.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂;၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂) မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

(၃၀.၁.၂၀၂၅) ရက်မှ (၁.၂.၂၀၂၅) ရက်အတွင်း မအူပင်ခရိုင်အတွင်း အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသူး လုပ်ငန်း(၅)ခုရှိသဖြင့် လုပ်ငန်းတည်နေရာနှင့် ကုန်စည်ရောင်း ချမှုများ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိကို မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ရောင်းချသူလုပ်ငန်း လိပ်စာများ အတိုင်း သွားရောက် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။
