သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် ည(၈:၀၀၀)အချိန်တွင် လန်းလန်းဆန်းဆန်းကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၄၈)လုံး ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ် ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် တပ်ကြီးကုန်းနှင့်ပြည်လမ်းမပေါ်ရှိ ဆန်အရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စန်းသစ်စလမ်း၊ ရိုးကြီး/ရိုးလေးကျေးရွာရှိ Austin Neo အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၃.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၄၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(ဈ)/၂)၊ နံ့သာကုန်းရပ်ကွက်၊ သာယာကုန်းလမ်း၊ အင်းစိန်မြို့နယ်ရှိ ဂုဏ်ရည်ဆေးတိုက်သို့ အွန်လိုင်းမှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးပါ (၄)ဦးတို့သည် ရွှေပြည်သာမြို့နယ် City Mart သို့ (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် သွားရောက်၍ ဆန်ရောင်းချမှုအား ကွင်းဆင်းစ်စဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
