သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား Online Sales Registrution ပြုလုပ်နိုင်ရေး အသိပညာပေး Talk Show ကို (၃၀. ၁. ၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၃.၂.၂၀၂၅ ရက်နေ့ နေ့လည် (၁:၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီခြံ) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁.၂.၂၀၂၅) ရက်နေ့ နံနက် (၇:၂၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၃)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

၃.၂.၂၀၂၅ ရက်နေ့ နေ့လည် (၁:၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီခြံ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးတွင် “ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းပြီး စျေးကွက်ရှိသော်လည်း ပြည်ပဝယ်လက်များ မိမိနိုင်ငံအတွင်း စိုက်ကွင်းထဲထိဆင်း၍ စျေးနှိမ်ဝယ်ခြင်းမရှိစေရေး မူဘောင်အတွင်းမှ ထိန်းကျောင်းဆောင်ရွက်ရန်” လမ်းညွှန်မှုအရ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၁.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက
