Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Feb 2025

၃.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

04 Feb 2025

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(‌ရွှေ)ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏(၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်း ပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ အဖွဲ့ဝင်အဖြစ် တက်ရောက် ခဲ့ပါသည်။

04 Feb 2025

         ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၀၈း၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊ အပတ်စဉ်(၃၂) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

04 Feb 2025

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၁၁း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ် ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၃)ပေပါကို ယာဥ်မောင်းဦးစိုင်းသက်ကျော် ၊ယာဉ်အမှတ် 1M-3466/ISUZU မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝ

04 Feb 2025

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်၁၀း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးရှေ့မျက်နှာစာနှင့်အမိုးများလဲလှယ်ခြင်းများဆောင်ရွက်ရန်အတွက် ခေါ်ယူ ထားသော အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင်ကျင်းပပြုလုပ်ခဲ့ရာ တင်ဒါကော်မတီအဖွဲ့ဝင်များနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီ မှတက်ရောက်ခဲ့ပါသည်။

Pages