Main menu

ဈေးကွက်အတွင်းရှိ အရသာမှုန့်အမျိုးမျိုးနှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား စစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၈-၁-၂၀၂၆) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ မြို့ပေါ်ရပ်ကွက်လက်လီ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရသာမှုန့် နှင့် ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          စစ်ဆေးရာတွင် ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး နှင့် စစ်ဆေးရေးမှူး  ဦးဝင်းမင်းစိုး တို့မှ  ကုန်စုံဆိုင်များမှ ရောင်းချနေ သော  အရသာမှုန်(အချိုမှုန့်) အမျိုးမျိုး ဟင်းခတ်အမွေးအကြိုင် အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောနှော ရောင်းချနေခြင်း၊ ထောက်ခံချက်၊ ခွင့်ပြုချက်မပါရှိသော ကုန်စည်များရောင်းချခြင်း၊ တားမြစ်ကုန်စည်များကိုဈေးကွက်အတွင်းရောင်းချနေကြောင်း  တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)