သတင်းနှင့် လှုပ်ရှားမှုများ
၃၁.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ(၂)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်ထားသော အဝတ်အထည်လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၃၁.၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်ထားသော သူလေး(ပန်းလေပြေ) အလှကုန်ပစ္စည်းများ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၃၀.၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းဦး၊ ဌာနခွဲစာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစရဲအောင်နှင့် ဆန်စပါးကုန်သည်အသင်းမှ ဦးတင်မောင်လတ်တို့ ပါဝင်သောအဖွဲ့ဖြင့် အင်းစိန် မြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ဒေါပုံမြို့နယ် Capital(City Mark) ရှိ (၂၈.၁.၂၀၂၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမှတ် (၁၄ / E)၊ မင်းနန္ဒာလမ်း၊ ဒေါပုံမြို့နယ် Capital (City Mark) သို့သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ် (ဂမုန်းပွင့်) ရှိ (၂၈.၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် ပိုင်းတွင် အမှတ် (၄၆၀)၊ ကုန်သည်လမ်းနှင့် ဘိုကလေးဈေးလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ရှိ (ဂမုန်းပွင့်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
