
ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၈.၁.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော မွေးမြူရေး လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ဌာန၏ လုပ်ငန်းတာဝန်များ၊ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး OnlineShop မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလို ပါက eComreg system www. eComreg.gov.mm တွင် ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင်ပါကြောင်း မှတ်ပုံတင်လျှောက်ထားရယူခြင်းမရှိပဲဆောင်ရွက်ကြောင်းစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတက်ရောက်လာသောလုပ်ငန်းရှင်များအားဆွေးနွေးပြောကြားခဲ့ပါသည်၊၊ အသိပေးဆွေးနွေး ဟောပြောပွဲသို့ လုပ်ငန်းရှင် လုပ်ငန်းရှင်(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
