Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအ‌ဝေးကျင်းပဆောင်ရွက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်‌နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးတွက် ညှိနှိုင်းအစည်းအဝေးကို (၁၀.၁.၂၀၂၆)ရက် စနေနေ့၊ နံနက် (၁၀း၃၀)နာရီခွဲအချိန်တွင် ရုံးချုပ်(နေပြည်တော်)၊ ပြည်ထောင်စုနယ်မြေနှင့်  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ဆောင်ရွက်ရမည့် အခမ်းအနားအစီအစဥ်များမှာကြားခြင်းနှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ ကျင်းပဆောင်ရွက်မည့်အစီအစဥ်(မူကြမ်း)များ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို (၁၂း၀၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

       ဆက်လက်၍  ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များအား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးမှ အရာထမ်းများအား ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်‌နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးတွက်  ကြိုတင်ပြင်ဆင်ထားရန်၊  လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)