သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)၊ ဒေါ်ယုယုလွင် (အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည်(၃၀.၁.၂၀၂၅)ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ယုယုလွင် (အငယ် တန်းစာရေး) နှင့် ဝန်ထမ်းများသည် (၃၁.၁.၂၀၂၅) ရက် နေ့တွင် ပုဇွန်တောင်မြို့နယ် ၊ ပုဇွန် တောင်ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင်(ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး မှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ်( Makro)ရှိ (၃၁.၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် ပိုင်းတွင် အမှတ် (322)၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro) သို့သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတာဝန်ခံတို့သည် (၂၂.၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “Online ရောင်းချခြင်းလုပ်ငန်း များ နှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ ကျော်ဇောသတင်းများ အပေါ် မြေပြင်စစ်ဆေးဆောင်ရွက်မှု အား အသိပညာပေး” Talk Sh
