
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၂း၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ရာပြည့်ဈေးရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီဈေးများဌာနတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေးခြင်းပြုလုပ်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့်ကိုက်ညီမှု ရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ အွန်လိုင်းရောင်းချခွင့်မှတ်ပုံတင်ကဒ်များ ထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး အွန်လိုင်းရောင်းချမှုနှင့် ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
