Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Oct 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့(၆) ရပ်ကွက်ရှိ အမှတ်(၁၀) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

09 Oct 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

09 Oct 2024

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော  YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

09 Oct 2024

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘုရားကလေးကွင်းကျေးရွာ၊ “တိုးတက်လင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

09 Oct 2024

       ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့

Pages