
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် အမှတ် (၁၀၂)၊ ချယ်ရီလမ်း၊ ဇုန် (၁) ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd သို့ သွားရောက်၍ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
တာဝန်ခံဖြစ်သူ ဦးအောင်ကိုယုက Diesel King Co.,Ltd မှ ခြင်ဆေးလုပ်ငန်းတွင် ထုတ်လုပ်သော ဂေါ်ဇီလာအမှတ်တံဆိပ်ဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ၊ ဂေါ်ဇီလာခြင်နှင့် ပိုးမွှားသတ် ဆေးရည် (၂) မျိုးထုတ်လုပ်လျက်ရှိပြီး ခြင်ဆေးခွေတစ်ရက်ထုတ်လုပ်မှုမှာ (၅) ဗူးတွဲကဒ် (၁၆) ကဒ်ပါ (၁၀၀၀)နှင့် ခြင်နှင့် ပိုးမွှားသတ်ဆေးရည် (၁) ကဒ်လျှင် (၁၂) ဗူးပါ သေတ္တာ (၁၀၀၀) တို့ ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်းအင်အားမှာ ကျား(၄၁၃)ဦး၊ မ(၁၉၈)ဦး စုစုပေါင်း(၆၁၁)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်လည်ပတ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
