Main menu

 “ဇန်နဝါရီလ တတိယအပတ်တွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူပြည်သူများနေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန်ပစ္စည်းများနှင့် ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ အခြေခံစားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများသည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းများ၏အခြေအနေ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များရှိ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ရေချို၊ ရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်များ၊ ငါးပိ၊ ငါးခြောက်နှင့် ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဇန်နဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ဈေးနှုန်းတို့မှာ သိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၀ ကျပ်နှုန်းဖြင့် အနည်းငယ်မြင့်တက်သွားသည်ကို ဈေးနှုန်းစာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)