
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း (ပေါက်တောကျေးရွာ)တို့ပူးပေါင်း၍ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးမြို့နယ် ပေါက်တောကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးက အခွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား ထုတ်ပြန်ပြဌာန်းခဲ့ပြီး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ဝယ်ယူသုံးစွဲခြင်းဆိုင်ရာ သိထားရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့်အချက်များအား ဝယ်ယူအသုံးပြုရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆိုင်ရာအချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
