
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online- MyRo) တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၆၆)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်(၄၅)လုံးနှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်(၁၃)လုံး၊ စုစုပေါင်း ရှမ်းပြည်နယ်တွင် မှတ်ပုံတင်ထားရှိသည့် အလုံးရေ(၁၂၄) လုံးမှတ်ပုံတင်ထားရှိပြီး ယခု(၁၅-၁-၂၀၂၆)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊အေးသာယာမြို့၊ ရပ်ကွက်(၄)မှ လာရောက်လျှောက်ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလွင်ကိုအောင်(ဌာနခွဲစာရေး)မှ သိုလှောင်ရုံလျှောက်ထားခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်များ ဆောင်ရွက်ပေးခြင်းနှင့် MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြသ၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
