Main menu

အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်သည့် Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အောင်လံခရိုင် တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၃.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အောင်လံမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်သည့် Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးလုပ်ငန်းအား Online မှတ်ပုံတင်ရာတွင် အချက်အလက်များနှင့်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်တာဝန်ခံက Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ လုပ်ငန်းအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ၊ ဖုန်းနံပါတ်မှန်ကန်မှု ရှိ/မရှိ၊ ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော (သို့မဟုတ်) ကန့်သတ်ထားသော ဝန်ဆောင်မှု ဟုတ်/မဟုတ် (သို့မဟုတ်) ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် မြေပြင်စစ်ဆေးရမည့် အချက် (၁၈)ချက်နှင့်အညီ စစ်ဆေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)