Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌန စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့၊ စည်/ပင် ဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များ ရောင်းချမှု အခြေအနေ၊ ဈေးနှုန်း/ဈေးကွက် မေးမြန်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

31 Jan 2025

            ကျိုက်လတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ကြက်ခြေနီအသင်း၊မီးသတ်ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသ‌‌ေရး ဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပင်စင်စားအဘိုး/အဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု့၊ ဆန်၊ဆီ၊ကြက်ဥများအား သက်သာဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

31 Jan 2025

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌနရုံးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့တွင် (၃) ရပ်ကွက် ပြည်သူများအား online sale  အရောင်း/အဝယ် ပြုလုပ်ခြင်းဖြင့် စားသုံးသူများ နစ်နာမှု မရှိစေရန် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

31 Jan 2025

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် ဆန်စပါးကုန်သည် အသင်းတို့နှင့်အတူ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် Wilmar  ပေါင်းဆန်စက်ရုံသို့ သွားရောက်၍ Export ဆန်တင်ပို့နို်ငရေး လျှောက်ထားမှု့နှင့် MSMEs  ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

31 Jan 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိစက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

Pages