
၅.၁.၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် မအူပင်မြို့နယ် Msmeလုပ်ငန်းရှင်(၇)ဦးအား မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ လစဉ် ဆီရရှိမှုများကိုလည်း လုပ်ငန်းရှင်ထံသို့ ရရှိမှုပိဿာများအတိုင်း မှန်ကန်စွာထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်းကောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းရှင်တိုမှ ထုတ်လုပ်သော ကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်စေရေးတို့ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းကျင်စဉ်နှင့် အညီထုတ်လုပ်ပြီး သက်ဆိုင်ရာဌာနဆို့၏ ထုတ်ပြန်ထားသော ဥပဒေ၊ ပြဌာန်းချက်၊ အမိန့်ညွှန်ကြားချက်များကို လိုက်နားဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်နှင့်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
