သတင်းနှင့် လှုပ်ရှားမှုများ
၁၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် မုန့်လုပ်ငန်း ရှင်များအသင်း အလုပ်အမှုဆောင် အသစ်တိုးမြှင့်ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ရှိ National Enlightenment Institute (NEI) ရုံးခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် မုန့်လုပ်ငန်းရှင်အသင်းဥက္ကဌနှင့် NEI မှတာဝန်ရှိသူများ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ တာဝန်ခံနှင့် ဝန်ထမ်းများ စုစုပေါင်း (၂၁) ဦး တက်ရောက

၁၀.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဝံဈေး Super Market၊ K-mark Super Marketတို့တွင်ရောင်းချနေသော ကလေးအသုံးဆောင်ပစ္စည်း အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၀.၁.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၁၄)ပေပါနှင့် (ယာဉ်အမှတ် 6J-3308) မော်တော်ယာဉ် ဖြင့် စားအုန်းဆီ(၁၆)ပေပါနှင့် (၁၂.၁.၂၀၂၅) ရက်နေ့ နံနက် (၇:၅၀) နာရီအချိန်တွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၁၁)ပေပါ စုစုပေါင်

၁၄.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၁၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦး၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
