Main menu

ကျိုက်မရောမြို့နယ်တာဝန်ခံသည် “အေးမြို့သူ” အမှတ်တံဆိပ် ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ စျေးကွက်မရောက်မှီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် “အေးမြို့သူ” အမှတ်တံဆိပ် ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ဒုတိယအကြိမ် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ကျိုက်မရောမြို့နယ်တာဝန်ခံက “အေးမြို့သူ” ရေသန့်လုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးရာ အဆိုပါလုပ်ငန်းမှာ လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားကြောင်း တွေ့ရှိရပြီး ရေသန့်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးမည်ဆိုပါက စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြပါရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)