သတင်းနှင့် လှုပ်ရှားမှုများ
၇.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် နှင့် ဝန်ထမ်းများသည် Online Sales မှတ်ပုံတင်ထားသော ထာဝရ Online Sale လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံတို့ ပူးပေါင်း၍ ၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်၌ ကျိုက်မရောမြို့နယ် ပိန်းနဲကုန်ကျေးရွာ၊ သိန်ဖြူကုန်း မူလတန်းလွန်ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်မှ ၉၀ ရာခိုင်နှုန်းသည် လုပ်ကွက်ငယ် ခြံငယ်ရှင်းများဖြစ်ပြီး ခြံကြီး၊ ခြံလတ်များနှင့် ကုမ္ပဏီစိုက်ခင်းများမှာ ၁၀ ရာခိုင် နှုန်းအောက် စိုက်ပျိုးထားရှိ၍ ရော်ဘာအစေးခြစ်ဧက သုံးသိန်းကျော်ရှိသည်။

၆.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၆.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
