Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Jan 2025

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်း အောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၈.၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

17 Jan 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၈.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီက  ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

17 Jan 2025

         ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဖျာပုံမြို့တွင်းရှိဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မြေပြင်လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

17 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည်ကျောင်းကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.မ.က(၁၂)ကျောင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ပါသည်။

17 Jan 2025

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၈.၁.၂၀၂၅)ရက် နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များနှင့် အကျိုးရလဒ်များအကြောင်းTalk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Pages