သတင်းနှင့် လှုပ်ရှားမှုများ
(၈.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် အနေဖြင့် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူ လက်လီ/လက်ကား လုပ်ငန်းရှင်(၄)ဦး၏ ဘိလပ်မြေရောင်းချရာတွင် ပြတ်လပ်မှု ရှိ/မရှိ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ရှိ/မရှိကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အောင်ချမ်းသာဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၈.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် သိုလှောင် ကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့မဈေးအတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာရောင်းချသည့် အရောင်းဆိုင်များအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ “မင်းကြီး”အမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်င
