သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၄) နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် သာသနာ့ဗိမာန် အထက်ပိုင်းရပ်ကွက် စန်းရွှေဝါဆန်စက်နှင့် မြို့မဈေးရှိ ဒေါ်မြထွေးဆန်ဆိုင်တွင် ရောင်းချပေးနေသော ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာအုပ်စု၊ လယ်တော်အဝေးပြေးကားဝန်း ရှိ အသင်းရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟော ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၄.၉.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်ဆီကိုယ်စားလှယ် များသို့ ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှ ထုတ်ယူခဲ့သော စားအုန်းဆီများအား ယာဉ်အမှတ် 4P-3634 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ (၄၀၇၀)သည် ဝါးခယ်မမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၉.၂၀၂၄)ရက်နေ့၊နံနက် (၈:၃၀)နာရီအချိန်တွင် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဝင်းဌေးဆန်ဆိုင်တွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
