Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2024

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှ ငွေစာရင်းတာဝန်ခံ ဒေါ်ချယ်ရီမြင့် (ဒု-ဦးစီးမှုး)နှင့်  ဒေါ်သင်းလဲ့ကြူ(အငယ်တန်းစာရေး)တို့သည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငွေစာရင်းဌာနညွှန်ကြားရေးမှူးဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ငွေစာရင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး  Zoom Metting   ဖြင့်ပြုလုပ်သည့် အစည်းအဝေးပွဲသို့ Online   Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

20 Sep 2024

      ၁၆.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ အောင်တော်မူ (မူလွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

20 Sep 2024

      ၁၇.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့မဈေး၌ ဆန်/စပါးကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ ရောင်းချရာတွင် ပြည်သူများ စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

20 Sep 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် (၁၅)လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသော ဧရာရွှေဝါကုမ္ပဏီလီမိတက်တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

20 Sep 2024

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေးဒရဲမြို့၊ အုန်းပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စားသုံးသူရေးရာဦး

Pages