Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၃.၉.၂၀၂၄) ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၃)ပေပါ နှင့် Golden Upstart Co.Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၁၄)ပေပါ စုစုပေါင်း (၃၇)ပေပါသည် လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

20 Sep 2024

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်   တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ Managing Director ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများပူးပေါင်း၍ Zoom Metting ဖြင့်လုပ်ဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့  Online  Virtual  စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

20 Sep 2024

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့၊ မြတ် Myat  Ay  Kam Co,Ltd  မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၃)ပေပါရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

20 Sep 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်  (၁၃.၉.၂၀၂၄) နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဝေဖြိုးနိုင်အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့  ခေါ်ယူတွေဆုံ၍ ဆီရောင်းချနေမှုအခြေအနေအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 Sep 2024

    ၁၇.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဝံဈေး၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages