Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးသည် (၁၃.၉.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ခရိုင်FDAအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2024

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာတာကြီးတန်းရှိ ပဲကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

20 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဇလွန်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

20 Sep 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့၊ Preminum Capital Co.,Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၃၂)ပေပါ မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့မှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

Pages