Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Jan 2025

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၇.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ အနော်ရထာလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့မဈေး၊ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

17 Jan 2025

            စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်( ၇.၁.၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

17 Jan 2025

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကြာနီကန်လမ်းမကြီးပေါ်ရှိ ဘိလပ်မြေရောင်းချဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

17 Jan 2025

           စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရွှေဘုံသာ တာကြီးတန်းလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း သဲဖြူ(မြို့မ)ကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၃ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

16 Jan 2025

           (၈.၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ် လက်ကျန်အခြေအနေနှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေများကို မြေပြင်ကွင်းဆင်းစစ် ဆေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

Pages