
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သာဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန် သည်များသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်များမှာယူလျက်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ (၁၈.၁၁.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန် (၄၅၀)၊ အိတ်ရေ (၉၀၀၀)နှင့် MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာသဖြင့် မြိတ်ခရိုင်ရှိ စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
