Main menu

ဈေးကွက်မရောက်မီ ဘုရင်မဆပ်ပြာစက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           (၂၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၄၁)၊ ဦးမြဲလမ်းနှင့် မြဝတီလမ်းထောင့်၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုရင်မဆပ်ပြာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဘုရင်မဆပ်ပြာစက်ရုံမှ တာဝန်ခံ ဒေါ်ဝါဝါရွှေနှင့် တွေ့ဆုံကာ စက်ရုံတွင် ဘုရင်မအမည်ဖြင့် ဆပ်ပြာတစ်မျိုးထဲသာထုတ်လုပ်၍ ကျား(၁၉)ဦး၊ မ(၃၁)ဦး စုစုပေါင်း (၅၀)ဦးဖြင့် လည်ပတ်ကာ တစ်ရက်ထုတ်လုပ်မှုမှာ ဆပ်ပြာတုံး(၁၀) တုံးထုပ် (၁)ပါကင်တွင် (၂၄)ထုပ်ဖြင့် (၇)ပါကင်ထုတ်လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုတွင် ပါကင် (၂၀၀)ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် လုပ်ငန်းမှာ လည်းအဆက်မပြတ်လုပ်ကိုင် လည်ပတ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)