Main menu

YP စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်(၂၄.၁၂.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊  YP စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (HSD-၂၂၃၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)