သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အရှေ့သံဒင်းကျေးရွာရှိ အ.မ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Communit Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

၁၃.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ သီရိမြိုင် (မူလွန်)ကျောင်း မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၁၇.၉.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သထုံမြို့နယ်အတွက် ရရှိသော စားအုန်းဆီများကို ရောင်းချ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ် တာဝန်ခံ၊ မြို့နယ်စားအုန်းဆီ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စားအုန်းဆီလက်ကားကုန်သည်များ တက်ရောက်ခဲ့ကြသည်။
