Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဆိုင်များ ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဝယ်ဈေး၊ ရောင်းဈေးအခြေအနေ စာရင်းကောက်ယူကွင်းဆင်းစစ်ဆေး ”

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ   တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ဆေးဝါးများ၏ ပြန်လည်ဖြန့်ဖြူး ရောင်းချသည့် ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မကျီးတန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာ၊ အေးမင်းစိုး၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုထောက်ခံချက်ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)