
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင် ဦးစီးအရာရှိ နှင့်ဝန်ထမ်းများသည် ညောင်တုန်း မြို့နယ်ရှိ ဆန်စက်၊ သိုလှောင်ရုံများ သို့သွားရောက်၍ My Ro တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်း နိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား ဒီဇင်ဘာလအတွက် (၁၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီ အချိန်တွင် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှု များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်မိန့် ထုတ်ပြန်ကြော်ငြာဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီများ၊ ဆန်ဆိုင်နှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီး ဆန်/စပါး သိုလှောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် အသိပေးပြောကြားဆောင်ရွက်ခဲ့ပြီး၊ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ဆန်/စပါးသိုလှောင်မှု မြေပြင် အခြေ အနေမှန်များကို လစဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ပြီး My Ro တွင် မှတ်ပုံတင်ထား ပြီး သည့် ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ ၇ ရက်နေ့အတွင်း Update စာရင်းများကို မဖြစ်မနေ ဖြည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
