Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jan 2025

သရက်၏ မူရင်းဒေသ အင်ဒို၊မြန်မာကျွန်းဆွယ်မှ ဖြစ်ပါတယ်၊ “ အသီးမှာ သရက် ”ဟု ခေါ်ဆိုလောက်အောင် အသီးများစွာထဲတွင် အရသာအရှိဆုံး အသီးသည် သရက်သီးဖြစ်သည်။ မြန်မာနိုင်ငံတွင် သရက်မျိုးစိပ် (၂၀၀)ကျော်ရှိသည့်အနက် စိန်တလုံးသရက်သည် အချို ဓာတ်ပါဝင် မြှင့်မားပြီး (၂၀-၂၄%) အရောင်အလှဆုံး၊အရသာအရှိဆုံး၊အစေ့နှင့်အသား အချိုးချ ကြည့်ပါက အစေ့အသေးဆုံးအသီး ၊အသားအမျှင်လုံးဝကင်းစင်မှုအရှိဆုံးအသီးဖြစ်ပြီး အနံ့ အကောင်းဆုံးသရက်သီးဖြစ်သည်။

07 Jan 2025

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည်။ မတ်ပဲကို အစိုဓါတ်နှင့် မြေဆီလွှာအဟာရ အနည်းငယ်သာရှိသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မတ်ပဲ တွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓါတ်စသည့်တို့ အမြောက်အများပါဝင် သောကြောင့် လူသားတို့အတွက် အဟာရတန်ဖိုး မြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး၊ မိုး တွင်းပိုင်းတွင် အနည်းငယ် စိုက်ပျိုးကြပါသည်။  နိုင်ငံခြား ဈေးကွက်ရှိသော သီးနှံလည်

07 Jan 2025

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဖောင်းပြင်  မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဒီဇင်ဘာလ ( ၁၉ ) ရက်နေ့ နံနက်( ၁၀ : ၃၀ )နာရီအချိန်၌  ဖောင်းပြင်မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်(ဒု-ဦးစီးမှူး)မှ (အ.ထ.က)အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၈၀ ) ဦး၊ စုစုပေါင်း ( ၈၇ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

07 Jan 2025

စာသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ကိုင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

07 Jan 2025

          မြန်မာနိုင်ငံအတွင်း တည်ရှိကြသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် အဖိုးတန် သဘာဝ အရင်းအမြစ်များ၊ မြေပေါ် မြေအောက် သယံဇာတများ ပေါကြွယ်ဝလျက်ရှိရာ  အညာဒေသ၏ ဒေသထွက် ထန်းလျက် ချက်လုပ်ပုံအကြောင်း တင်ပြလိုပါသည်။ ထန်းပင်ကို  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် အများဆုံး တွေ့ရှိရပြီး ထန်းလျက်ကို ထန်းဖို၊ ထန်းမ အမျိုးအစား ( ၂ )မျိုးမှ ထုတ်လုပ်ရရှိကြောင်း သိရှိရပါသည်။

Pages