Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Jan 2025

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၉.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့် အတူ ရွာသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

08 Jan 2025

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။

08 Jan 2025

စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှမှ ပြည်သူများအား အသိပညာဗဟုသူတများတိုးပွား စေရန်နှင့် သတင်းအချက်အလက်များ စဉ်ဆက်မပျက်သိရှိနိုင်ရေ

08 Jan 2025

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၈.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်အတူ ဂုံကြမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

08 Jan 2025

            (၂၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စပါးဆန် သိုလှောင်ရုံမှတ်ပုံတင်ခြင်ဆိုင်ရာMyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

Pages