
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Goody Meizan စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
