သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ တိုင်းဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်း (၃၆)ဦးနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းအင်အား(၂၅) ဦး Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဟုမ္မလင်းမြို့နယ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကတ်သာကျေးရွာသို့ သွားရောက်၍ ပြည်သူ ( ၃၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၉-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ သရက်မြို့၊ မင်းတုန်းလမ်းပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့် ကုန်စုံဆိုင်(၅)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီက စစ်ကိုင်းခရိုင်၊ မီးသတ်ဦးစီးဌာန၌ မီးသတ်ဆင့်ပွား သင်တန်းတွင် သင်တန်းသား/သူ (၃၈)ဦးနှင့် နေ့လည်(၁၄:၀၀)နာရီက စစ်ကိုင်းခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်းသူ (၁၇)ဦး စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစ
