Main menu

မြို့မဈေးကြီးအတွင်း ကုန်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းဖော်ပြချက်တွင် မြန်မာဘာသာဖြင့် ဖော်ပြ ထား သော ကုန်ပစ္စည်းများအားရောင်းချရန်၊ ဆီဆိုင်များတွင် ဆိုင်းဘုတ်များချိတ်ဆွဲရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချကြရန်၊ အလေးချိန် အချိန်အတွယ်မှန်ကန်စွာဖြင့် ရောင်းချပေးရန် ဆွေးနွေးမှာကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)