သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရှိ အဝေးသင်တက္တကသိုလ် ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် တက္ကသိုလ်နယ်မြေတွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်း အသိပညာပေး ဟောပြောခြင်းကို ၁၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀၄၅)နာရီ အချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြသည်၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း များဆောင်ရွက်လျက်ရှိရာ (၂၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၆) ရပ

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း ၄၉ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၁၁ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၄၉ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၀၉ ခု ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ Talk Show ကျင်းပဆောင် ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
