Main menu

ခရီသွားဝန်ဆောင်မှုအား စစ်ဆေး

Powered by Drupal

              ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၊ မစကတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၀ : ၀၀) အချိန်တွင် ဖျာပုံမြို့နယ် ကားဝန်းအတွင်းရှိ ရာဇာအောင် ဂိတ်အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရီးသွားပြည်သူများအား အခြေခံလိုအပ်ချက်များ အပေါ် စိတ်ကျေနပ်မှုရရှိစေရေး၊ သတ်မှတ်ထွက်ခွာမည့်အချိန် မှန်ကန်စွာထွက်ရှိစေရေး၊ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံစွာ ပို့ဆောင်ပေးရေး၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း မရှိစေရေး၊ ယာဉ်အားမဆင်မခြင်မမောင်းနှင်စေရေး၊ ယာဉ်မောင်းသူအား အရက်သေစာသောက်စားပြီး မမောင်းနှင်စေရေးနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)