သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည်(၂၃.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းအား ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံရုံးတွင် အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၄.၈.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အများပြည်သူများ စားသုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ဝယ်ယူစားသုံးနိုင်ရန်အတွက် (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီရောင်းချသူများအားခေါ်ယူ၍ ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၃.၈.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ စခန်းသာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
