Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Aug 2024

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ အောင်ကောင်းစံအမှတ်တံဆိပ်နှင့် ရွှေရောင်သန့်စင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းရှင်၏ ဖြစ်ပေါ်နေသောအခြေအနေ၊ အခက်အခဲနှင့် လိုအပ်ချက်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

29 Aug 2024

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် စျေးနှုန်းကောက်ယူလေ့လာတင်ပြလျက်ရှိရာ (၂၃-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ နိုင်လင်း၊ ကြယ်စင်နှင့် မေတ္တာမွန်ဆေးအ‌ရောင်းဆိုင်များအား စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၏ စျေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လ

29 Aug 2024

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

29 Aug 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဩဂုတ်လ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း ( ၃၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

29 Aug 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌၂၀၂၄ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ဌာနဆိုင်ရာများသည် နိုင်ငံဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်ဖြစ်သောဆီများ၊ ဆန်များ၊ ကြက်ဥများကိုဈေးနှုန်းသက်သာစွာ  ဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။

Pages