Main menu

 “တွံတေးမြို့နယ်၌စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံမျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစိုးဝင်းဦးတို့ ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုး (ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးဆီအမျိုးမျိုးတွင်‌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား  စားသုံးဆီအမျိုးမျိုးအပါအဝင် အခြားကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)