Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Aug 2024

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာ မြို့မဈေးအတွင်း၊ အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် စားသုံးရန် မသင့်သည့် ကြောက်စရာဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

28 Aug 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ်လ ၁၃ ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား သွား‌ရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

28 Aug 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်

28 Aug 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ချေးခဲ့သော ချေးငွေများအား ပြန်လည်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်၊နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

28 Aug 2024

       စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မအူရွာ၊ ဆင်စုနယ်မြေရှိ ဒေါ်စန်းစန်းထွေး၏ တပြည်သ

Pages