သတင်းနှင့် လှုပ်ရှားမှုများ
(၃.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် မြို့နယ်စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်မြို့နယ် စားအုန်းဆီရောင်းချသူလုပ်ငန်းရှင်(၂၇)ဦးနှင့် တွေ့ဆုံ၍ ဆီရောင်းချခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း ( ၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ထောက်ရှာရိုး၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာ တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို (၃. ၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြော ခြင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။
