Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Aug 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှခေါက်ဆွဲခြောက်များဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် အလွယ်တကူဝယ်ယူမှုများကြောင်း၊ စ

19 Aug 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ယင်းဆိပ်၊ တမို့၊ အုန်းတွဲကျေးရွာတို့၌ နှမ်းနှင့် ပဲမျိုးစုံစသည့်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းသီးနှံလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။

19 Aug 2024

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်ပမာဏသည် မကြာသေးမီက ကျဆင်းလာခဲ့ ပြီးနောက် လာမည့်လများအတွင်း ပြန်လည်တိုးလာနိုင်ပြီး တန်ချိန် နှစ်သန်းအထိ ရောက်ရှိနိုင်ခြေ ရှိသည်ဟု ဈေးကွက်သုတေသနအဖွဲ့များက ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း မလေးရှား အခြေ စိုက် Bernama သတင်းဌာနက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖော်ပြပါသည်။

19 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ (၇) လတွင် ဆန် ၃၇၉၅၄၆ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ တန်ချိန် ၃၆၂၇၀၈ ရှိရာ ၄.၆% တိုးတက်လာကြောင်း၊ တန်ဖိုးအား ဖြင့် ဒေါ်လာ ၂၈၀ သန်း ရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ စံချိန်တင်ခဲ့သော ဒေါ်လာ ၂၅၃ သန်းထက် ပိုမိုခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၂-၈-၂၀၂၄ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

19 Aug 2024

 ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။

Pages

a