Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jun 2026

    ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ကုန်သွယ်ရောင်းဝယ်မှု ပုံသဏ္ဌာန် ပြောင်းလဲလာမှုနှင့်အတူ အယ်လ်နီညိုဖြစ်စဉ်၏ ဘေးအန္တရာယ်မြင့်မားလာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ရောင်း လိုအား ကျပ်တည်းမည့် အလားအလာရှိနေပြီး စားအုန်းဆီကြမ်းတစ်တန်၏ ဈေးနှုန်းသည် ဇူလိုင် လတွင် ရင်းဂစ်ငွေ ၄၄၀၀ မှ ၄၆၅၀ အတွင်း အရောင်းအဝယ်ဖြစ်နိုင်သည်ဟု မလေးရှား စားအုန်း ဆီ ကောင်စီ (MPOC) က ဇွန် ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သည်။

22 Jun 2026

    မုတ်သုံလေ စတင်ဝင်ရောက်မှု နှေးကွေးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှု နောက်ကျနိုင်သည့် စိုးရိမ်မှုများက စျေးကွက်အခြေအနေကို အထောက်အပံ့ဖြစ်စေခဲ့သဖြင့် တနင်္လာနေ့တွင် အဓိက လက်ငင်းအရောင်းအဝယ်ဖြစ်ရာ စျေးကွက်များ၌ ပဲစင်းငုံနှင့် ပဲတီစိမ်းစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကုလားပဲ စျေးနှုန်းမှာမူ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေခဲ့ကြေ

22 Jun 2026

    ကြက်သွန်နီအရန်သိုလှောင်ထားရှိမှုအစီအစဉ်အရ တစ်ကီလိုလျှင် လက်ရှိပေါက်ဈေး ရူပီး ၁၅.၈၀ ရှိသောကြက်သွန်နီများအား စနေနေ့မှစတင်ကာ တစ်ကီလိုလျှင် ရူပီး ၁၆.၅၀ နှုန်းဖြင့် အိန္ဒိယအစိုးရက တိုးမြှင့်ဝယ်ယူလျက်ရှိကြောင်းသိရသည်။

22 Jun 2026

    အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသစ် စတင်ဝင်ရောက်လာမှုနှင့်အတူ ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က အိန္ဒိယ၏ နွေမုတ်သုံမိုးကို အားနည်းစေနိုင်ပြီး ဆန်နှင့်ပြောင်း အပါအဝင် မိုးရေကိုအားထားစိုက်ပျိုးသော သီးနှံများအတွက် အရေးပါသော Khairf စိုက်ပျိုးရာသီ အတွင်း ထိခိုက်မှုရှိလာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

Pages